မင်းကို ဆုံးရှုံးရမှာ တကယ်ကြောက်တယ်
တကယ်တော့ ငါ့ဘဝမှာ တခြားဘာကိုမှ သိပ်မကြောက်တတ်ပေမဲ့ မင်းနဲ့ တစ်သက်လုံး ဝေးသွားရမှာကိုတော့ အကြောက်ဆုံးပဲ။ အဲ့ဒီထက် ပိုကြောက်တာက ငါတို့ကြားထဲ တခြားလူတစ်ယောက်ယောက် ဝင်လာမှာမျိုးပဲ။ တခြားလူတစ်ယောက်ကြောင့် ငါ့အပေါ်ထားတဲ့ မင်းရဲ့စိတ်တွေ ပြောင်းသွားမှာကို တွေးမိတိုင်း ငါ တကယ် စိုးရိမ်တယ်။
ငါတို့နှစ်ယောက်ကြားမှာ ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်၊ စိတ်ကောက်ကောက် နောက်ဆုံးတော့ ငါ့အနားမှာ မင်းပဲ ရှိနေစေချင်တာ။ ငါမဟုတ်တဲ့ တခြားတစ်ယောက်က မင်းဘေးမှာ နေရာယူလာမှာမျိုး၊ ငါ့ထက် သူ့ကို မင်းက ပိုပြီး အလေးထားသွားမှာမျိုးကို ငါ တကယ် လက်မခံနိုင်ဘူး။ ငါ့နေရာမှာ တခြားဘယ်သူ့ကိုမှ အစားမထိုးလိုက်ပါနဲ့။
ငါ့ဘဝရဲ့ ပျော်ရွှင်မှုတွေက မင်းနဲ့ပဲ ဆိုင်နေတာမို့လို့ ဘာပဲဖြစ်ဖြစ် ငါ့လက်ကို မြဲမြဲဆုပ်ထားပေးပါ။ တခြားလူတစ်ယောက်ကြောင့် ငါတို့နှစ်ယောက် ဝေးသွားရမယ့် အဖြစ်မျိုးတော့ အဖြစ်မခံပါနဲ့။ မင်းနဲ့ တစ်သက်လုံး ဝေးသွားရမှာထက် ပိုကြောက်စရာကောင်းတာ ငါ့အတွက် မရှိလို့