အို...အေးးးး...အေ့...အို....
အမေ
လောကမှာလေ နဂါးခေါင်း
ရှေ့ နောက် တောင် မြောက်
လှည့်ချင်ရာ လှည့်
ကျွန်တော့်အမေကိုလေ
နဂါးငွေ့တန်း••
မီးသင့်အနမ်းတွေ
လွတ်ရာ မြင့်မိုရ်
အထက်ဗဟိုမှာ
ရှိနေစေချင်တယ်...
အမေ။
အမေ..
လောကထဲမှာလေ နေပါသော်ငြားးး
ပြဿဒါးးး
ရှိပါသော်လည်း မမှုဘဲ
ကျွန်တော့်အမေကိုလေ
သောကကင်းစွာ
တရားရွာမှာ
မောဟကင်းဝေး
ဓမ္မ အတွေးနဲ့
ဗုဒ္ဓ လှမ်းရာ လမ်းဗဟိုမှာ
ရှုစရာ နုဿတိ
အဟုတ်တစ်ကယ်
ရှိနေပြီ အမေ။
အမေ..
လောကမှာ !
အာရုံမြစ်တွေကျိုးပြီး အင်းဖြစ်နေတဲ့
လောဘ မနုဿရှင်တွေရဲ့
မောဟတွေနဲ့ ရှာခဲ့တဲ့
ဒေါသ သံစဉ်တွေကို
ကျွန်တော်
သောတမဆင်နိုင်ဘူး အမေ။
ကျွန်တော့်မှာ…
အမေ့ရဲ့
အို…အေးး…အေ့…အို
ရှိနေတယ်
အမေ။ ။