တောင်တန်းများအထပ်ထပ်ကာရံထားတဲ့နေရာ
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေ ပွင့်လန်းခဲ့
အေးမြတဲ့အငွေ့သက်နဲ့ လက်ချင်းတွဲလို့ပေါ့
ဒီကမ္ဘာမှာ မင်းနဲ့ငါပဲ ရှိမယ်ထင်ခဲ့တာ...
ကံကြမ္မာက ခွဲခွာစေခဲ့ပြီ။
ဝေးရမယ့် နောက်ဆုံးအချိန်လေးမှာ
ငါ့မျက်ရည်ကို မမြင်ချင်လို့လား
"ဘယ်ကိုမှ ထွက်ခွာမသွားဘူး" ညာခဲ့တဲ့ မင်းရဲ့စကား
ငါ့ရင်ကို အေးမြခဲ့ေစသား...
ဒါဟာ ထာဝရအတွက် နှုတ်ဆက်ခြင်းတဲ့လား။
ဝေးသွားခဲ့ရင်လည်း... လသာ ညတိုင်းမှာ
မင်းကို လွမ်းတဲ့အကြောင်း လမင်းဆီမှာ စကားတွေ ပြောလိုက်မယ်
လမင်းကြီးကို ကြည့်ရင်း ငါ့ကို သတိရပေးပါ
မဆုံနိုင်တော့တဲ့ တို့နှစ်ယောက်ရဲ့ ကံကြမ္မာ
မင်းက သူစိမ်းတစ်ယောက်ရဲ့ ရင်ခွင်မှာ...
ပျော်နိုင်ပါစေတော့ ကောင်မလေးရယ်။
တောင်တန်းတွေက အရင်အတိုင်း ရှိနေပေမဲ့
မင်းကတော့ သူစိမ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ
ငွေကြေးနဲ့ ဂုဏ်ဒြပ်တွေကြား တို့အချစ်တွေ ပျောက်ဆုံးလို့သွား
လောကရဲ့ထိုးနက်မှူ့တွေကြား
မင်းကို ချစ်တဲ့ ငါ့နှလုံးသား သေရာပါပဲ။
မင်းပေးခဲ့တဲ့ ဂတိတွေက အခုတော့ အလိမ်အညာတွေပါလား
မင်းကို ငါမမုန်းရက်ခဲ့ပါဘူး...
မဆုံနိူင်တော့တဲ့ အရပ်ကနေ...
မင်းကို လွမ်းတဲ့အကြောင်း
လမင်းကြီးနဲ့ စကားတွေပြောနေ
မင်းကိုချစ်တဲ့အကြောင်း တေ။
ာင်တန်းကြီး သသက်သေ
လသာ ညတိုင်းမှာ
ငါသိပ်ချစ်ခဲ့တဲ့အေကြာင်း လမင်းဆီမှာ စကားတွေ ပြောမယ်
လမင်းကို ကြည့်ရင်း ငါ့ကို သတိရပေးပါ
မဆုံနိုင်တော့တဲ့ တို့နှစ်ယောက်ရဲ့ ကံကြမ္မာမှာ
မင်းက သူစိမ်းတစ်ယောက်ရဲ့ ဘေးနား...
ပျော်နိုင်ပါစေသား ကောင်မလေးရယ်။
တောင်ပြာတန်းတွေ မှိုင်းညို့လို့နေရင်
မင်းမျက်နှာကို မြင်ယောင်နေဆဲ
မဆုံနိုင်ခဲ့တဲ့ ငါတို့ရဲ့အချစ်... လမင်းဆီမှာသိမ်းထားခဲ့မယ်ကွာ....