ကျနော်ဘဝမှာ
အမုန်းဆုံးကနာကျင်မှုတွေပဲ...
ကိုယ့်အသက်ထက်ပိုချစ်တဲ
သူဆီက ရတဲ့နာကျင်မှုမျိုး...
မျှော်လင့်ရတဲ့အရာတွေဆို ကျနော်အကုန်မုန်းတယ်...
ဒဏ်ရာတွေ များလို့လားတော့မသိဘူး
ဒဏ်ရာတွေ ပေးမယ့်သူရှိတဲ့ အရပ်ဆို ကျနော် ဝေးဝေးရှောင်တယ်...
အဝေးဆုံးကို ထွက်ပြေးတာ
ကျနော် ဒဏ်ရာတွေကို မလိုချင်လို့
မုန်းလို့...
ကျနော် ဘဝမှာ
ရှင်သန်ခဲ့ရတဲ့ ကာလတစ်လျှောက်လုံး
အနာတရတွေနဲ့ပဲ အသက်ဆက်ခဲ့ရ...
ဘဝမှာ
ဆပ်ရမယ့် ဝဋ်ကြွေးတွေလဲ
ဘယ်တော့မှ မကြေးခဲ့ဘူး အခုထက်ထိပေါ့...
ကျနော် မုန်းတဲ့အရာတွေထဲမှာ ဝဋ်ကြွေးတွေက
ထိပ်ဆုံး
ကိုယ့်အတွက်
မဟုတ်တဲ့ လူတစ်ယောက်ကို ချစ်ရတာရယ်...
ရှေ့ဆက်ရမယ့် ဘဝလမ်းမှာ
ဘယ်လို ဒဏ်ရာမျိုးမှ မလိုချင်တော့တာ အမှန်ပဲ...
နာကျင်စရာတွေကို ကျနော် အရမ်းမုန်းသွားလို့...