V1မြူခိုးတွေ / အုပ်မှိုင်း / လာပြီ
လေညှင်းလေး / လည်း တဖြည်းဖြည်း / တိုက်ခတ်လာပြီ
မိုးဖွေးလေး / တဖွေးဖွေး / ကျလို့
အအေးဒဏ်က / ပိုမို / လွှမ်းခြုံလာပြီ
V2ကျေးငှက်လေးတွေ / ကောင်းကင်ယံမှာ
အိပ်တန်းရှိရာဆီကို / ပျံသန်းနေကြပြီ
စိမ်းလန်းတဲ့ / မြက်ခင်းပြင်ကြီးနှင့်
မြေနီလမ်းလေးပေါ် / မိုးရေတွေ စိီးဆင်းကျနေ
Choတောင်တန်းတွေပေါ် / ဝေဆာနေတဲ့ မြူခိုးများက
တို့ကျေးလက်ရဲ့/ အလှတရားကို / ပိုလှပစေခဲ့တယ်
အဝေးက / လှမ်းကြည့်လိုက်ရင်
စိမ်းလန်းတဲ့ / တောင်ယာစပါးခင်းများ
လေညှင်းလေးနဲ့အတူ / ယိမ်းနွဲ့ ဆော့ကစားနေ
တို့ကျေးလက်/ မိုးရွာသီရဲ့ / အလှတရား…ရှုမဝပါ